International News

တရုတ် (ကွမ်ရှီး) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်(FTZ)သို့ မြန်မာလုပ်ငန်းရှင်များ သွားရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းကောင်းများ

Last Updated:

တရုတ်အနောက်ပိုင်းရှိ အပြည်ပြည်ဆိုင်ရာကုန်းလမ်း- ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးစင်္ကြအသစ်တည်ဆောက်ရေးတွင် ပါဝင်ဖြည့်ဆည်း ရန်နှင့် ပိုးလမ်းမစီးပွားရေးရပ်ဝန်းနှင့် ပင်လယ်ရေကြောင်း ပိုးလမ်းမတို့အကြားဆက်သွယ်ပေးသည့် အရေးပါသော ဝင်ပေါက်ထွက်ပေါက် ဖြစ်ပေါ်လာရန်တို့အတွက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ဖွဲ့စည်းထားသော လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကွမ်ရှီး(FTZ)၌ မြန်မာနိုင်ငံဘက်မှ စိတ်ဝင်စားသည့် ကုမ္ပဏီများနှင့်လုပ်ငန်းများလာရောက်ရင်းနှီးမြှုပ်နှံရန် တရုတ်(ကွမ်ရှီး)လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန်ရုံးမှ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှတဆင့် ဖိတ်ကြားလာပါသည်။ ကွမ်ရှီး (FTZ) တွင် ရင်းနှီးမြှုပ်နှံပါက ကုန်ထုတ်လုပ်မှုနှင့် တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းများသို့ စေျးကွက်ဝင်ရောက်နိုင်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမည့် အလားအလာကောင်းများ ရရှိနိုင်ပါသည်။ ကွမ်ရှီး (FTZ) ၌ နန်နင်းနယ်မြေ၊ ချင်းကျိုးဆိပ်ကမ်း နယ်မြေနှင့် ဗီယက်နမ်နှင့် ထိစပ်နေသည့် ချုံးကျိုနယ်မြေဟူ၍ အပိုင်း(၃)ပိုင်းပါဝင်ပြီး မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ တရုတ်ဘက်နှင့် ပူးပေါင်းဆောင်ရွက်၍ဖြစ်စေ သွားရောက် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ချင်းကျိုး ဆိပ်ကမ်းနယ်မြေနှင့် ချုံးကျိုနယ်မြေများတွင် အခွင့်အလမ်းများစွာ ရရှိနိုင်မည်ဖြစ်ပါသည်။ ပြပွဲဆိုင်ရာ အချက်အလက်များ သိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေး ဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း-၀၆၇- ၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email: [email protected]နှင့်[email protected]နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၊ စီးပွားရေးသံမှူး၊ ဒေါက်တာရွှေစင်ကို၊ email:[email protected] တို့သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း အသိပေးပါသည်။

Category: International News